သတင်းထုတ်လွှင့်ချက် - (EP - 358)
နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
စစ်ကောင်စီနဲ့ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို ဆန့်ကျင်တိုက်ဖျက်နေသလို စစ်ကောင်စီနဲ့လည်း ဆွေးနွေးစရာ အကြောင်း မရှိဘူးလို့ CNF က ပြောဆို လိုက်ပါတယ်။
စစ်ကောင်စီဘက်ကို လေယာဉ်ဆီ ဝင်ရောက်မှုနဲ့ လက်နက်ခဲယမ်း ဝယ်ယူမှုတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်ဖို့ အပြင် သံတမန်ရေးအရ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မလုပ်ကြဖို့ KNU က နိုင်ငံတကာ ကို တောင်းဆို လိုက်ပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲ က နေရာလေးနေရာလောက်ကို တစ်ရက် တည်းအတွင်း ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။