သတင်းထုတ်လွှင့်ချက် - (EP - 359)
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
ဒီနေ့ သတင်းတွေထဲမှာတော့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို နှစ်ဖက်အာဏာ ပိုင်တွေက ပိတ်လိုက်တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ပြည်သူ ၄ ယောက် သေဆုံးခဲ့ ပြီး ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစော ထီး ပူးပေါင်းအဖွဲ့က လူနေအိမ် ၁၃၃ ဆောင်ကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါ တယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။