Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 360)

နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့ သတင်းတွေထဲမှာတော့ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀ လောက်ကို နယ်မြေရှင်းလင်းသူ အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ အရပ်သား အယောက် နှစ်ရာထဲက တချို့ကို တစ်ယောက် ကျပ်သုံးသောင်းစီနဲ့ ပြန်ရွေးခဲ့ရပါတယ်။

တအာင်းတပ် (TNLA)မှာ အမျိုးသမီး စစ်သည် ၂၀၀ လောက် စစ်သင်တန်းဆင်းသွားကြပြီ ဖြစ်ပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီ စစ်ဘေးရှောင် စခန်းနေရာတွေမှာ စစ်တပ်က ဒရုန်းနဲ့ ကင်းထောက် လေယာဉ်ပျံသန်းမှုတွေကို ဆက်တိုက် လုပ်လာလို့ စစ်ရှောင်တွေ စိုးရိမ်နေကြတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

Apple Podcasts - https://apple.co/3IBI2PJ
Spotify - https://spoti.fi/3EElo8f
Buzzsprout - https://bit.ly/3Z9y8f8
Google Podcasts - https://bit.ly/3IXve7A

NMG ရဲ့ သတင်းတွေကို  
youtube - https://www.youtube.com/@NetworkMediaGroupNMG 
Website - https://www.nmg-news.net/
Facebook - https://www.facebook.com/networkmediagroupnmg
Twitter - https://twitter.com/NetworkMediaGr1 တို့မှာ ဝင်ရောက် ကြည့်ရှု့လို့ရပါတယ်။