သတင်းထုတ်လွှင့်ချက် - (EP - 361)
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့ သတင်းတွေထဲမှာတော့ ချင်းပြည်၊ မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ် ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတဲ့အကြောင်း
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်နေမှုကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒေသခံတွေအတွက် ရိက္ခာအခက်အခဲတွေ ဖြစ်နေကြပါတယ်။
မိတ္ထီလာမြို့နယ်ထဲက ရှမ်းတဲ လေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် Y-12 လေယာဉ် နှစ်စီး အပြင် ရဟတ်ယာဉ် ၂စီးပါ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မိတ္ထီလာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောလိုက် တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်