သတင်းထုတ်လွှင့်ချက် - (EP - 365)
နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
တရုတ်အစိုးရဲ့ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုတဲ့အနေ စစ်ကောင်စီနဲ့ ဆွေးနွေးသွားဖို့ အသင့်ရှိနေ တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ယောက် အပါဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
ကချင်ပြည်၊ ဗန်းမော်မြို့က လေယာဉ်ကွင်းမှာ ပေါက်ကွဲမှု ဖြစ်ပြီး လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက် ရပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ် ABSDF က နိုင်ငံတကာရောက် မိတ်ဆွေတွေနဲ့ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးမှုတစ်ခု လုပ်ခဲ့တဲ့။ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။