Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 368)

ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့ သတင်းတွေထဲမှာတော့ ……. လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ကိုးကန့် တပ်ဖွဲ့ MNDAA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် စစ်ဘေးရှောင် ၂ ယောက်သေဆုံးပြီး အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကချင်ပြည်က မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ရောက်နေတဲ့ ရှမ်းစစ်ရှောင်တွေ အကူအညီ လိုအပ်နေ ပါတယ်။

ကရင်ဒေသက သန်းကျော်လာတဲ့ စစ်ရှောင်ဦးတွေ ၆ လစာ ရိက္ခာအတွက် အမေရိကန် ဒေါ်လာ ၁၁၄ သန်း လိုအပ်နေတဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။