သတင်းထုတ်လွှင့်ချက် - (EP - 369)
ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်၊ ဗန်းမော်မြို့မှာ (KIA) နဲ့ စစ်ကောင်စီတပ်တို့ကြား မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားပြည်သူတွေ ပိတ်မိနေသလို ထိခိုက်သေဆုံးသူလည်း ၁၀ ယောက် ထက်မနည်း ရှိသွားပါပြီ။
ကိုးကန့်တပ်မတော် MNDAA က လောက်ကိုင်မှာ လူသတ်မှု၊ ပြန်ပေးဆွဲ ငွေညစ်မှုနဲ့ ဓားပြတိုက်မှု ကျူး လွန်သူ ၆ ယောက်ကို သေဒဏ်ပေးလိုက်ပါတယ်။
DKBA ရဲ့ ဒုစစ်ဦးစီးချုပ်နေရာ အပါအဝင် ထိပ်ပိုင်းရာထူး နေရာ သုံးနေရာကို အပြောင်းအလဲ လုပ်လိုက် ကြပါတယ်။
လွတ်မြောက်နယ်မြေထဲက KTV တွေကြောင့် တော်လှန်ရေးပုံရိပ် ထိခိုက်မှာကို စိုးရိမ်တယ်လို့ ကရင်နီ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေက ပြောလိုက်တဲ့ အကြောင်းနဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်း ပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။