Listen

Description

တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 37 )

ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။

စစ်ကောင်စီက ၂၀၂၃ ဩဂုတ်လမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ စကောက်နေပါပြီဖြစ်ပြီး တဖက်မှာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အင်အားစုတွေက လူဦးရေ စာ ရင်းကောက်နေတဲ့ အုပ်စုတွေကို တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ဒီရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ပူး ပေါင်းပါဝင်သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့ NUG က ထုတ် ပြန်ထားပါတယ်။ ပင်မတော်လှန် ရေး အဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ SIF အဖွဲ့ကလည်း တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဆန့်ကျင်ကြဖို့နဲ့ မပူးပေါင်း မပါဝင်ကြဖို့နဲ့ နိုင်ငံတကာကလည်း ထောက်ပံ့ကူညီမှုတွေ မလုပ်ကြဖို့ တောင်းဆိုထားပါတယ်။ ဒီအကြောင်း NMG ရဲ့ Podcast အစီအစဉ်ကနေ တင်ဆက်ပေးပါ့မယ်ရှင်။

သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။