Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 370)

ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ ဆောင်းပါးရှည်တစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ်။ ကရင်နီပြည်ထဲက စစ်ရှောင်တွေ အကြောင်း နားဆင်ရဖို့ရှိပါတယ်။ 

ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲ၊ ကျန်းမာရေး ဝန်ဆောင်မှု မရတာ၊ ကလေးတွေရဲ့ ပညာရေးပိုင်း ထိခိုက်နစ်နာမှုတွေကို တစ်နေ့ ထက် တစ်နေ့ ပိုကြုံရပြီး ခက်ခဲမှုတွေ၊ အနာဂတ်ပျောက်ဆုံးမှုတွေ၊ ဘဝမရေမရာမှုတွေက မျှော်လင့်ချက် ကင်းမဲ့မှုတွေနဲ့ ရှင်သန်နေကြရပါတယ်။

ဒီအခြေအနေတွေကြောင့် စိတ်ပိုင်း၊ ခန္ဓာပိုင်း ပိုထိခိုက်လာနေပေမယ့် ရှိနေတဲ့နေရာ၊ ရောက်နေတဲ့ အရပ်မှာ အဆင် မပြေ ပြေအောင် နေထိုင် ရှင်သန် ရှေ့ဆက်နေကြရပါတယ်။ အဲ့ဒီဘက်က အခြေအနေတွေကို မအားမီက စုစည်းတင်ဆက်ထားပါတယ်။