Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 372)

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့ သတင်းတွေထဲမှာတော့ …… ရခိုင်ပြည်၊ မောင်တောမြို့က နခခ - ၅ စခန်းသိမ်းတိုက်ပွဲထဲ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် က ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို AA က ဖမ်းဆီးရမိခဲ့ပါတယ်။

ကချင်ပြည်က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန်မှာပဲ တရုတ်အာဏာပိုင်တွေနဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ခန္တီးမြို့မှာ လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တွေက လုံခြုံရေး အကြောင်းပြ ပြီး တပ်သားစုဆောင်းမှုတွေ ဒီဇင်ဘာလ ပထမပတ်ကစပြီး လုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဖားဆောင်းမြို့ ကို ခုခံကာကွယ်နေတဲ့ စစ်ကောင်စီဟာ ကျန်ရှိနေတဲ့ သူတို့ရဲ့ တပ်စခန်း ၂ ခု ထဲကို လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေတဲ့အပြင် လက်နက်ကြီးအပြင် လေကြောင်းကနေ တိုက်ခိုက်မှုတွေကို အဆမတန် လုပ်နေတယ်လို့ ကရင်နီ တော်လှန်ရေးတပ်တွေက ပြောလိုက်တဲ့ အကြောင်းနဲ့ အတူ တခြား စိတ်ဝင်စား စရာ သတင်း ပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။