Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 374)

ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးထားပါတယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်က ရှမ်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အခက်အခဲအပြင် နေစရာနေရာအတွက်ပါ အခက်အခဲတွေ ဖြစ်နေကြပါတယ်။

စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုပြီး လုပ်လာတဲ့အပြင် ထိခိုက်သေ ဆုံးမှုတွေ လည်း ပိုပြီးများလာတဲ့အတွက် သတိနဲ့နေထိုင်ကြဖို့ KNDF က တိုက်တွန်း ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ ရွှေဘိုထောင်မှာ အကျဉ်းသားတွေ ဧည့်တွေ့ခွင့် နာရီဝက် ရဖို့ ငွေကျပ် (၃) သိန်း ပေးနေကြရတယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် (PPNM)က ပြောလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။


သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။