သတင်းထုတ်လွှင့်ချက် - (EP - 375)
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးထားပါတယ်။ တစ်လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်နယ်သုံးခုမှာ ကလေး ၁၀ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၅၁ ယောက် ရှိခဲ့တယ်လို့ (ND-Burma) က ထုတ်ပြန်ထားပါတယ်။
အခုနှစ် ၁၁ လအတွင်း စစ်တပ်နဲ့ ရဲ အရာရှိကြီးတွေ အပါအဝင် ၅၀၀ နီးပါး ဆက်သွယ်ခိုလှုံလာတယ်လို့ NUG က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်တပ်တွေက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီး ငွေညစ်တောင်းခံပြီး ငွေမပေးနိုင်တဲ့သူတွေကို စစ်သားသစ် စုဆောင်းနေတဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိ ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။