သတင်းထုတ်လွှင့်ချက် - (EP - 376)
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးထားပါတယ်။ KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောဒေသက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၉၁၃ (နို့ဒေး) စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးတစ်ယောက် အပါအဝင် ခြောက်ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။
ကချင်ပြည်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဘက် တိုက်ပွဲပြင်းထန်နေချိန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ အနီးဝန်းကျင်ကို စစ်တပ်က ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် သက်ကြီးပိုင်းဒေသခံ သုံးယောက် ဒဏ်ရာရရှိသွားပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာနေတာ့ ကရင်နီပြည်၊ လွိုင်ကော်မြို့ထဲမှာ မြေမြုပ်မိုင်းကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ လွိုင်ကော် မြို့ခံတွေက ပြောလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိ ပါတယ်။