Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 377)

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ ဆောင်းပါးရှည်တစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ်။ စစ်ကောင်စီက စစ်မှုထမ်း သင် တန်းတက်ဖို့ နိုင်ငံတစ်ဝှမ်း လူစုဆောင်းတာတွေကို ဆက်တိုက် အတင်းအဓမ္မ လုပ်နေပါတယ်။ 

စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ ထဲမှာ နိုင်ငံတစ်ဝှမ်း လူဦးရေ နှစ်သောင်းကျော်ကို အဓမ္မ ခေါ်ယူစုဆောင်းခဲ့ တယ်လို့ ဗမာ့ရေးရာနဲ့ပဋိပက္ခလေ့လာရေး (BACS) ရဲ့ စာရင်းတွေက ဆိုပါတယ်။ 

စစ်မှုထမ်းဖို့ ခေါ်ယူရာမှာလည်း အမျိုးသားတွေ တင်မကဘဲ အမျိုးသမီးတွေကိုပါ စုဆောင်းတာတွေ လုပ်နေပါတယ်။ ဒီလို စုဆောင်းခံရတဲ့ အမျိုးသမီးတွေကိုရော ဘယ်အပိုင်းတွေမှာ ဖိအားပေး ခိုင်းစေနေပါသလဲ။ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒလွှမ်းမိုးမှုကြောင့် လူ့အဖွဲ့ အစည်းထဲ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ ပိုမိုများပြားလာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဘာ့ကြောင့် ထောက်ပြမှုတွေ ရှိနေရတာလဲ။  မအားမီက စုစည်းတင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။