သတင်းထုတ်လွှင့်ချက် - (EP - 378)
ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်ရေးပဋိပက္ခ တွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့် မှတ်တမ်းယူရာမှာ ကြုံနေရတဲ့ အခက် အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ညီမျှခြင်းမြန်မာ (EQMM) ရဲ့ အမှုဆောင် ဒါရိုက်တာဦးစိန်လှိုင်နဲ့ ဆက်သွယ် မေးမြန်းချက်ကို တင်ဆက်ပေးပါ့မယ်ရှင့်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။