သတင်းထုတ်လွှင့်ချက် - (EP - 379)
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးထားပါတယ်။ ကရင်ပြည်၊ ဘုရားသုံးဆူမြို့မှာ ကလေး အယောက် ၂၀ လောက် သဲလွန်စမရဘဲ ပျောက်ဆုံးနေပါတယ်။
ကရင်နီပြည်နဲ့ ရှမ်း – ကရင်နီ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီက အဆိပ်ငွေ့တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်လာတယ်လို့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကယန်းရွာက ခရစ္စမတ်ပွဲအကြောင်းကိုလည်း နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။