Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 380)

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးထားပါတယ်။ စစ်ကောင်စီတပ်က မှတ်ပုံတင်ကို အသက်လိမ်ရိုက်ပေးပြီး ကလေးစစ်သားတွေကို စစ်တပ်ထဲမှာ စုဆောင်း တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ 

မွန်ပြည်သူတွေရဲ့ တောင်းဆိုမှုနဲ့ စစ်ရေးလိုအပ်ချက်အရ မွန်တပ်တော် တစ်ခုတည်းအဖြစ် ဖွဲ့စည်းသွား မယ် လို့ မွန်တော်လှန်ရေးတပ် ၄ ဖွဲ့က ပြောဆိုလိုက်ပါတယ်။ 

စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို အားပေးထောက်ခံတာ မလုပ်ကြဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ IEC က နိုင်ငံတကာ ကို တောင်းဆို လိုက်တဲ့ အကြောင်းကိုလည်း နားဆင်ရဖို့ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။