Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 381)

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ ဆောင်းပါးရှည်တစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဗဟိုဌာနချုပ်ဟောင်း၊ တပ်ပေါင်းစုတွေရဲ့ ဌာနချုပ်ဟောင်း ဖြစ်ခဲ့တဲ့ မာနယ်ပလောကို နှစ်ပေါင်း ၃၀ အတွင်းမှာပဲ KNU က ပြန်သိမ်းလိုက်ပါတယ်။

မာနယ်ပလောဒေသဟာ ကရင်လက်နက်ကိုင်တော်လှန်ရေးအတွက်သာမက မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်ပေါင်းစုတွေ၊ စင်ပြိုင်အစိုးရတွေကို တည်ထောင်ခဲ့တဲ့ ဌာနချုပ်နေရာလည်းဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရယူရာမှာ တော်လှန်ရေး အင်အားစုတွေရဲ့ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတယ်လို့ (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိ သူက ပြောဆိုလိုက် ပါတယ်။ 

ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဌာနချုပ် ဟောင်း ကြီးကို သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည် ကာ ကွယ်နိုင်တဲ့ အခွင့်အလမ်းက လက်ထဲကို ပြန်လည် ရောက်ရှိလာပြီလို့ KNU က ဆိုပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။