Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 383)

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိနေပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေ ဒီဇင်ဘာလကုန်အထိ ရေဝပ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ် – မန္တလေး ရထားလမ်း ဖြတ်သန်းသွားတဲ့ မြို့တွေမှာ နှစ်လအတွင်း အရပ်သား ၂၀၀ လောက် ထိခိုက် သေဆုံးမှုများ ရှိခဲ့တဲ့အကြောင်းနဲ့ 

စစ်ရေးပဋိပက္ခ ကြာရှည်လာပြီး စစ်ဘောင်ကျယ်ပြန့်လာတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ် တွေလည်း ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။