Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 384)

ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့ ကရင်နှစ်သစ်ကူးနေ့မှာ သထုံခရိုင်နဲ့ ဖာပွန်ခရိုင်ထဲက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရခိုင်ပြည်အတွင်းက သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှု အစီအစဉ်ကို အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တစ်နှစ်တာ လုပ်ဆောင်ခဲ့တယ်လို့ (ULA/AA) ထုတ် ပြန်ပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ KNU ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရယူရာမှာ ဘယ်လိုပေးဆပ်မှုတွေနဲ့ ပြန်လည်ရယူခဲ့ကြတာလဲ ဆိုတဲ့အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။