Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 391)

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့ ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အရှေ့ တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က တိုက်တွန်း လိုက်ပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း မြို့နယ်ထဲက ရွာတွေကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

တမူးမြို့နယ်၊ ခမ်းပါတ်မြို့နဲ့ ကနန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးနဲ့ သံဃာတော်တွေတွေ အပါအဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ စစ်ရေးပဋိပက္ခတွေကို လျော့ချဖို့ နိုင်ငံတကာရဲ့ တွန်းအားကို ရယူပြီး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါ်လာအောင် လုပ်ဆောင်သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း (၇) ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ - 7 EAO Alliance က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။