သတင်းထုတ်လွှင့်ချက် - (EP - 392)
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ စစ်ကောင်စီရဲ့ ကရင်နီပြည်ထဲကို လေကြောင်းကနေ တိုးမြင့်တိုက်ခိုက်လာမှုတွေကြောင့် အရပ်သားတွေ သေ ဆုံး ဒဏ်ရာရရှိမှုတွေ ပိုများလာတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းကနေ ၂၀၂၄ နှစ်ကုန် အထိ အပြစ်မဲ့ပြည်သူ သေဆုံးမှု (၅၉၂) ယောက် အထိ ရှိခဲ့ပါတယ်။
ဒီစာရင်းက ကရင်နီပြည်တွင်း စစ်ကောင်စီရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တစ်လတစ်ကြိမ် မှတ်တမ်းတင် ဖော်ပြနေတဲ့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ရဲ့ ဇန္နဝါရီလ ၆ ရက်နေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေအကြား ကရင်နီပြည်သူတွေ ကြုံတွေ့ခံစားနေကြရတဲ့ အခက်အခဲ စိန်ခေါ်မှု အခြေနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်ကို ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။