Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 394)

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့ ကချင်ပြည်က ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ဇန္နဝါရီလ ၂၄ ရက်နေ့မှာ  သံချပ်ကာ ကားတွေ သိမ်းယူနိုင်ခဲ့ပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ရှမ်းမြောက် လားရှိုးက စစ်ရှောင်တွေ နေရပ်ကို ပြန်လာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။