သတင်းထုတ်လွှင့်ချက် - (EP - 395)
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ လေးယောက် စစ်ကောင်စီက ထောင်သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ညပိုင်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားပါတယ်။ ရှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးမှာ သောက်သုံးရေ အခက်ကြုံနေရပါတယ်။ တနင်္သာရီတိုင်း ရွှေဂူတံတား ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကလေးအကျဉ်းထောင်မှာ နိုင်ကျဉ်းတစ်ယောက်ရဲ့ ဇနီးကို ထောင်အာဏာ ပိုင်တွေက ထိကပါးရိကပါး ပြောဆိုခဲ့တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။