သတင်းထုတ်လွှင့်ချက် - (EP - 398)
ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ကချင်ပြည်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ဆုံ အထက်ဘက်မှာ ကချင်တပ်ဖွဲ့ KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အင်းလေးမှာ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အပါအဝင် ၂ ယောက် သေဆုံးခဲ့ပါတယ်။
မြိတ်မှာတော့ စစ်မှုထမ်း စုဆောင်းခံရသူ တစ်ယောက် ထွက်ပြေးလွတ်မြောက်လာပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ဧရာဝတီတိုင်းအတွင်း စစ်ရေး တင်းမာမှုတွေ ရှိလာပြီး ပုသိမ်ထောင်တွင်း ဖိနှိပ်မှုတွေ ပိုလုပ်လာတယ်ဆိုတဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။