Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 399)

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့ နှစ်နှစ်အတွင်း လူကုန်ကူးခံရသူ နှစ်ထောင်ကျော်ကို သက်ဆိုင်ရာ နိုင်ငံ တွေကို ဆက်သွယ်ပြီး နေရပ်ပြန်ပို့ခဲ့တယ်လို့ BGF က ပြောဆိုလိုက်ပါတယ်။

ထားဝယ်မှာတော့ မင်္ဂလာပွဲလာတဲ့ အမျိုးသမီးသုံးယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

ရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်ထဲက ရွာတစ်ရွာမှာ မိုင်းနင်းမိတာကြောင့် လေးငယ်နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်း-ကရင်နီ နယ်စပ်နဲ့ ရှမ်းတောင်မှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက် ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁၆ ယောက် သေဆုံးခဲ့တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။