သတင်းထုတ်လွှင့်ချက် - (EP - 402)
ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ ဒီမိုကရေ စီ အကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင် နဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။