Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 403)

ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့ ခရစ်ယာန်ဆရာတော် သတ်ဖြတ်ခံရမှု သံသယတရားခံ ၁၀ ယောက်ကို ဖမ်းဆီးထားတယ်လို့ NUG ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို သတိထားကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ 

သတင်းပေးပို့ချက်တွေထဲမှာတော့ အင်းစိန်အကျဉ်းထောင်ထဲက လွတ်ရက်စေ့ ရိုဟင်ဂျာ အယောက် ၉၀၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောင်အာဏာပိုင်တွေက ခေါ်ထုတ်သွားတဲ့အကြောင်း နားဆင်ရဖို့ ရှိနေပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။