သတင်းထုတ်လွှင့်ချက် - (EP - 405)
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ အင်းလေးမှာ အရပ်သား ၃ ထောင်ကျော် နေရပ်ကနေ စွန့်ခွါထွက်ပြေး နေရ ပါတယ်။
လွိုင်ကော် PDF နာမည်နဲ့ ငွေကြေးလိမ်လည်မှုတွေ ပေါ်ပေါက်နေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေ က ပြောပါတယ်။
ဘုတ်ပြင်းမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ အိုးဘိုအကျဉ်းထောင်မှာ အသက် ၆၀ ကျော်အရွယ် နိုင်ငံရေး အကျဉ်းသူ တစ်ယောက် ဘာ့ကြောင့် ကျဆုံးသွားတာလဲ ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေ ကို နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။