သတင်းထုတ်လွှင့်ချက် - (EP - 407)
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့ပါ တယ်။
ဟိုပုံးဒေသဘက်မှာတော့ ပြည်သူ့စစ်အဖွဲ့က လုပ်ငန်းအခွန်ဆိုပြီး ခြိမ်းခြောက်ပြီး ငွေကောက်ခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်နေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။