သတင်းထုတ်လွှင့်ချက် - (EP - 410)
မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ... မတ်လ ၄ ရက်နေ့မှာ ရုရှားသမ္မတနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံဖို့ ရှိနေပါတယ်။
တိုက်ပွဲကြောင့် သာပေါင်းမြို့နယ်ထဲက ရာနဲ့ချီတဲ့ ဆင်တွေနဲ့ ဝန်ထမ်းတွေကို အရေးပေါ် ပြောင်းရွှေ့နေရ ပါတယ်။
မိုးဗြဲမှာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် တစ်ယောက် သေ၊ လေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တအာင်းတပ် TNLA ထိန်းချုပ်ဒေသမှာ မြေမြှုပ်မိုင်းကြောင့် တစ်လအတွင်း ခြောက်ယောက် သေဆုံးခဲ့တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။