သတင်းထုတ်လွှင့်ချက် - (EP - 411)
မတ်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ... ဒေသတွင်းပဋိပက္ခကို KIA နဲ့ TNLA ဆွေးနွေးညှိနှိုင်းမယ်လို့ ပြောပါတယ်။
နောင်ချို တောင်းခမ်းမှာ စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
မိုးဗြဲတိုက်ပွဲ တစ်လအတွင်း စာသင်ကျောင်းနဲ့ နေအိမ်ခြောက်ဆယ်ခန့် ပျက်စီးခဲ့ပါတယ်။
ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။