သတင်းထုတ်လွှင့်ချက် - (EP - 412)
မတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ... ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်ထဲက အရပ်သားတွေ ပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး MNDAA ရုံး ရှေ့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်နဲ့ ဧရာဝတီမှာ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို AA က ဒီတပတ်အတွင်း ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဖေဖော်ဝါရီလထဲမှာ နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၆ ယောက် သေဆုံးခဲ့တဲ့အကြောင်းနဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။