Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 413)

မတ်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့  ... မြန်မာစစ်တပ်ကို အရေးယူပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးလှုပ်ရှားတဲ့ ၅၁ ဖွဲ့ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ရေစကြိုဒေသခံ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

သံတောင်ကြီးက စစ်ကောင်စီ သပြေညွန့်တပ်စခန်းကို KNU က သိမ်းပိုက်လိုက်ပါတယ်။

အာဏာသိမ်း လေးနှစ်ကျော် ကာလအတွင်း အမျိုးသမီး ခြောက်ထောင်နီးပါးကို စစ်ကောင်စီ ဖမ်းဆီးခဲ့တယ် ဆိုတဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။