သတင်းထုတ်လွှင့်ချက် - (EP - 416)
မတ်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ... မြန်မာနိုင်ငံထဲက လူတစ်သန်းကျော်အတွက် WFP က ရိက္ခာထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။
မြန်မာ့လူဦးရေ သုံးပုံတစ်ပုံက အရေးပေါ် အကူအညီလိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ညောင်ကျိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက် လေးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
စဥ့်ကူးမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ယောက် သေဆုံးခဲ့ရ တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။