Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 417)

မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီနေ့သတင်းတွေထဲမှာတော့  ... ဘိုကလေးနဲ့ မော်ကျွန်းက အဓမ္မစုဆောင်းခံရတဲ့ လူငယ် အယောက် ၁၅၀ ကျော်ကို ရန်ကုန် စစ်သင်တန်းကို ပို့လိုက်ပါတယ်။

နောင်ချိုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုန်းတော်ကြီးနှင့် ကိုရင်တွေအပါအဝင် ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

ပူးလူးတူ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း KNU သတင်းထုတ်ပြန်ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိထားကြောင်း CNDF ပြောပါတယ်။

မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိနေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။