သတင်းထုတ်လွှင့်ချက် - (EP - 418)
မတ်လ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ... ရေစကြိုမြို့နယ်ထဲက ဘိစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားပါတယ်။
ဗန်းမော်က ခရစ်ယာန် ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
ကသာဘက်မှာတော့ စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့ပြီး အယောက် ၃၀ ဝန်းကျင်ကို ဖမ်းဆီးရမိထားတယ်လို့ မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ လုပ်ငန်းလိုင်စင် လျှောက်ဖို့ တအာင်းတပ် TNLA က အမိန့်ထုတ်လိုက် ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။