သတင်းထုတ်လွှင့်ချက် - (EP - 419)
မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ... စစ်ရေးတင်းမာမှုကြောင့် လွိုင်ကော်-ဆီဆိုင်လမ်း အသုံးပြုမှု KNDF ပိတ်ပင်လိုက်ပါတယ်။
မူးယစ်ဆေးဝါး ကုန်သွယ်မှု စွပ်စွဲချက် နိုင်ငံရေး ထိုးနှက်မှုဖြစ်ကြောင်း AA က တုံ့ပြန်လိုက်ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်က ရွာ ၅၀ ကျော်မှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင် နေရ ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်လာတဲ့ အညာဒေသက နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ အင်တာနက်ကို ဘယ်လိုသုံးစွဲနေကြပါသလဲဆိုတာနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။