သတင်းထုတ်လွှင့်ချက် - (EP - 421)
မတ်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် ၂၄၀၀ နီးပါးတိုးလာတယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။
ဗန်းမော်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အပြင် ဝိုင်းမော်နဲ့ မြစ်ကြီးနားကိုပါ စစ်တပ်က စစ်ကြောင်း ထိုးနေပါတယ်။
မအူပင်မှာ လူငယ် ၁၁ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် အဓမ္မ ဖမ်းဆီးသွားပါတယ်။
ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာ လေကြောင်း တိုက်ခိုက်မှုအတွက် တရားမျှတမှု ရအောင်လုပ်မယ်လို့ NUG ပြောပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။