သတင်းထုတ်လွှင့်ချက် - (EP - 422)
မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။
အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ ရပ်တန့်တဲ့အတွက်ကြောင့် လွပ်လပ်တဲ့မြန်မာ သတင်မီဒီယာတွေ ဆက်လက် ရပ်တည်နိုင်ဖို့ သတင်းလုပ်ငန်း လုပ်ဆောင်ရာမှာ ငွေရေးကြေးရေး အခက်အခဲ၊ ထုတ်လုပ် စရိတ်၊ သတင်းထောက်တွေရဲ့ လစာနှင့် လုံခြုံရေး အခက်ခဲ စတဲ့အခက်ခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က USAID အဖွဲ့ကို အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုမရှိဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလကစပြီး အကူအညီတွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီဖြတ်တောက်မှုကြောင့် သတင်းထောက်တွေ ကိုယ်တိုင်ရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေတွေဖြစ်စေပြီး များစွာထိခိုက်မှုတွေ ရှိကုန်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြတ်ကျော်နေကြလဲ။ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ မရရှိတော့ပေမယ့် ရှေ့ဆက်လည်ပတ်နိုင်ဖို့ ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
စိန်ခေါ်မှုတွေကြား လွပ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေရဲ့ သတင်းထုတ်လုပ်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး လွှတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကို စမိုင်းလ်က ဆက်သွယ်မေးမြန်း ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။