သတင်းထုတ်လွှင့်ချက် - (EP - 428)
ဧပြီလ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေ တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အတွင်း ပျူစောထီးစခန်းကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ရာမှာ ထိခိုက်မှုက ဘယ်လို ရှိပါသလဲဆိုတာနဲ့ ငလျင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿာနတွေဘာတွေ ကြုံနေကြရသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။