သတင်းထုတ်လွှင့်ချက် - (EP - 430)
ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်နယ်မြေက အဆောက်အအုံတွေ ဘယ်လောက် ပျက်စီးသွားပါသလဲ၊
ရှမ်းပြည်တောင်ပိုင်း ငလျင်ဒဏ်ခံရတဲ့ ဒေသတွေဆီကို အကူအညီတွေ ဘာကြောင့် နှောင့်နှေးနေရတာလဲ ဆိုတာနဲ့
နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်မှာ လွိုင်ကော်ထောင်က ဘယ်သူတွေ လွတ်လာပါသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။