သတင်းထုတ်လွှင့်ချက် - (EP - 434)
ဧပြီလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- အပစ်ရပ် ရက်တိုးမယ်ဆိုတဲ့ စစ်ကောင်စီက ရွာဆေးပေးခန်းတစ်ခုကို ဗုံးကြဲလို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ စစ်တွေ ဒေသခံ ၃၀ ကျော်ရဲ့ ကံကြမ္မာကို မိသားစု တွေက စိတ်ပူနေကြပါတယ်။
သတင်းလွှာတွေထဲမှာတော့ ဓနု လွတ်မြောက်ရေး တပ်ဦး DPLF ရဲ့ တပ်အင်အားက တစ်နှစ်လောက်အတွင်းမှာ ဘာကြောင့် ထောင်ချီ တိုးများလာသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။