Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 437)

ဧပြီလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ --- ကချင်ပြည် ဗန်းမော်တိုက်ပွဲမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်း တပ်ဖွဲ့တွေက ကာကင်းစခန်း တစ်ချို့ကို ထပ်သိမ်းပိုက်လိုက်ပါတယ်။ 

ကလေးမြို့တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။ 

သတင်းလွှာထဲမှာတော့ ကရင်နီပြည်က သတ္တုမိုင်းနေရာတွေမှာ စစ်ကောင်စီက ထပ်မံ ဗုံးကြဲ တိုက်ခိုက်မှုတွေ အတွင်း အသေးစိတ် အခြေအနေတွေက ဘယ်လို ရှိနေပါသလဲ ဆိုတာတွေကို စုစည်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။