သတင်းထုတ်လွှင့်ချက် - (EP - 438)
ဧပြီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ထားဝယ် မြို့နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ အရာရှိ တစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက်ကို အရှင်ဖမ်းမိပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၅ ယောက် သေဆုံးသွားပါပြီ။
သတင်းလွှာတွေထဲမှာတော့ ကလေးမြို့တောင်ဘက်က စစ်ပွဲ မြေပြင်အခြေအနေတွေနဲ့ သက်တမ်းရှည်ကြာပြီ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ကို ဘာလို့ နာမည်ပြောင်းလိုက်တာလဲ ဆိုတာတွေကို ကြားကြရ မှာပါ။ ခုတော့ သတင်းတွေကို တင်ဆက်သွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။