Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 441)

မေလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီကြောင့် သေဆုံးသူ ၆၅၀၀ ကျော်ရှိသွားပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။ 

မေလ ၁ ရက် အလုပ်သမားနေ့မှာ ပြည်တွင်းအလုပ်သမား အဖွဲ့တချို့က တရက် လုပ်အားခ အနည်းဆုံး ကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ 

အိန္ဒိယက ပါကစ္စတန်ကို သူ့ရဲ့ လေပိုင်နက် အသုံးပြုနေတာကို ပိတ်ပင်လိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။