Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 443)

မေလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ရဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ က သဘောတူညီမှုမရပဲ ပြီးဆုံးခဲ့ပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်ဒေသတွေထဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အမေရိကန် ရုပ်ရှင် ကုမ္ပဏီတွေက အမေရိကန်နိုင်ငံ ပြင်ပမှာ ရုပ်ရှင်တွေ ရိုက်တာများလာတဲ့ အတွက် ဟော လီးဝုဒ်ရဲ့ ဝင်ငွေဟာ ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။
မလေးကျားက ထိုင်းနယ်စပ်မှာ ဘာလို့ ရောက်နေတာလဲ ဆိုတာတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။