Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 462)

မေလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ ကရင်ပြည်၊ မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဘုရင့်နောင် တပ်စခန်းနဲ့ မော်ခီး တပ်စခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့တွေက ထပ်မံ သိမ်းယူလိုက်ပါတယ်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းရွာမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သား ၅ ယောက်ကို ပစ်သတ်သွားခဲ့ပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်စီရင်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အရှေ့အလယ်ပိုင်း ဂါဇာဒေသက ငြိမ်းချမ်းရေး အစီအစဉ်အကြောင်းနဲ့

နယ်စပ်ထိတွေ့မှုဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံက စစ်တပ်တွေ အချက်လေးချက် အပေါ်မှာ သဘောတူညီ မှု ရခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။