Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 466)

ဇွန်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

ဒီကနေ့ သတင်းတွေထဲမှာတော့ အာရက္ခတပ်တော် AA က မကွေးနဲ့ ရခိုင်အစပ်မှာရှိတဲ့ စစ်ကောင်စီ စခန်းကို သိမ်းယူလိုက်ပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေကို ဆက်လုပ်မှာ ဖြစ်ပေမယ့် ပြည်သူလူထုကို လေကြောင်းအပြင် လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ မလုပ်ဖို့ တောင်းဆိုသွားမယ်လို့ TNLA က ပြောပါတယ်။

“သွေးသစ္စာ” တော်လှန်ရေး သီချင်းဆိုတဲ့ ကျောင်းအုပ်ကြီး အပါအဝင် ၃ ယောက်ကို စစ်ကောင်စီက ဖမ်း သွားပါတယ်။

အမေရိကန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက လူတွေကို နိုင်ငံဝင်ခွင့် ပိတ်လိုက်ပါတယ်။

တရုတ်ကတော့ အကြိမ်ကြိမ် ဝင်ရောက်ခွင့်နဲ့ အတူ ငါးနှစ်အထိ သုံးစွဲခွင့်ပေးထားတဲ့ အာဆီယံ ဗီဇာကို ထုတ်ပေးသွားမယ်လို့ ကြေညာလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။