Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 494)

ရှုံးပွဲတွေ ဆက်ခဲ့တဲ့ စစ်ကောင်စီက တန်ပြန်ထိုးစစ်တွေ ဘာလို့ လုပ်လာနိုင်တာလဲ။ ( သတင်းဆောင်းပါး)

ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။

မကြာသေးခင်ကပဲ ရှမ်း- ကရင်နီ အစပ်မှာရှိတဲ့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ ရှမ်းမြောက်က နောင်ချို၊ ကချင်ပြည်က ဖားကန့် စတဲ့ မြို့တွေကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။ 

ရှုံးပွဲတွေ ဆက်ခဲ့တဲ့ စစ်ကောင်စီက ဘာလို့ အခုလို တန်ပြန်ထိုးစစ်တွေ ဆင်လာနိုင်တာလဲ။ မြန်မာနိုင်ငံမှာ စစ်ရေး ချိန်ခွင်လျှာ ပြန်ပြောင်းတော့မှာလား ဆိုတဲ့အကြောင်းကို ဒီနေ့ရဲ့ သတင်းဆောင်းပါး အစီအစဉ်ထဲမှာ သုံးသပ်တင်ဆက်ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။